Self Healing Class

0 (0)
Overview
Curriculum
Reviews

စိတ်နဲ့ကိုယ်နဲ့ ဝေးကွာနေလို့ အာရုံမစူးစိုက်နိုင်တော့ပဲ negative thoughts တွေပိုများလာတယ်ဆိုတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ တစ်လတာ လေ့ကျင့်သင်ယူနိုင်မယ့် Self-Healing Class

လူရယ်လို့ ဖြစ်လာပြီဆိုတာနဲ့ လောကဓံရဲ့ နှိပ်စက်မှုဒဏ်ကို အနည်းနဲ့အများ ခံစားရတက်ကြပါတယ်။ နေရာစုံ၊ အခြေအနေမျိုးစုံကနေ Package လိုက် ကိုယ့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာတဲ့ ပြဿနာတွေ၊ စိတ်ညစ်စရာတွေ၊ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းရင်း လူရောစိတ်ပါ ချုံးချုံးကျလာတဲ့အခါ ပြန်လည်အားတင်းဖို့အတွက်ဆိုရင် ကိုယ့်ကိုယ်ကို ပုံမှန် Healing လုပ်နိုင်မဲ့ အလေ့အကျင့်ကောင်းလေးတွေကို ထိထိရောက်ရောက်နဲ့ စနစ်တကျ သင်ယူထားဖို့ အရေးကြီးပါတယ်။

ကျွန်မတို့ကို စိတ်သက်သာအောင်၊ ပျော်ရွှင်အောင်လုပ်ပေးဖို့ ဘယ်သူဆီမှာမှလည်း တာဝန်မရှိပါဘူး။ ကျွန်မတို့လူသားတွေဟာ ကျွန်မတို့မဟုတ်တဲ့ အခြားဘေးပတ်ဝန်းကျင်က အရာတွေကိုကျ အလွယ်တကူချစ်နိုင်ပြီး ကိုယ့်ကိုယ်ကို ချစ်ဖို့၊ ဂရုစိုက်ဖို့ကျ ပိုခက်ခဲနေတတ်ပါတယ်။ ကိုယ့်ကိုယ်ကို ချစ်ဖို့၊ ကိုယ့်ရဲ့ အတွင်း စိတ်ဒဏ်ရာတွေကို ကုစားဖို့အတွက် Self-Healing Class မှာ အတွေ့အကြုံရှိ ဆရာ၊ဆရာမတွေနဲ့အတူ လေ့ကျင့်သင်ကြားခွင့်ရရှိမှာ ဖြစ်ပါတယ်ရှင်။

တစ်နေ့တာလုံးကို

  • Self-Healing Tips လေးတွေနဲ့အတူ နိုးထပြီး တစ်နေကုန်ကို အဓိပ္ပာယ်ရှိစွာ ဖြတ်သန်းနိုင်မယ်။
  • Gratitude practice ကြောင့် ကျွန်မတို့ ရှင်သန်နေထိုင်ရမှုက တန်ဖိုးရှိလာပါလိမ့်မယ်။
  • ကိုယ်လက်လှုပ်ရှားမှုတွေလည်း ပါဝင်တာကြောင့် happy hormones တွေထွက်မယ်။
  • Body and Mind အချိတ်အဆက်အပြင် အာရုံစူးစိုက်မှုပို‌ကောင်းလာပြီး တည်ငြိမ်အေးချမ်းမှုကို ပိုမိုခံစားလာရပါလိမ့်မယ်။
  • Anxiety တွေကနေ စွန့်ခွာပြီး stress တွေကိုကောင်းစွာကိုင်တွယက် နိုင်မှာဖြစ်ပါတယ်။
  • နေ့စဉ် အချိန်အနည်းငယ်သာပေးရုံနဲ့ ကောင်းမွန်တဲ့အလေ့အကျင့်တွေကို ထာဝရတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်ရှင်။

မိမိကိုယ်ကို ကောင်းမွန်တဲ့အလေ့အကျင့်တွေနဲ့အတူ ကုစားလေ့ကျင့်နိုင်မယ့် Self-Healing Class ကို ဘယ်သူတွေတက်ရောက်သင့်သဲဆိုရင်...

  • Positive Energy တွေကို Package လိုက်ရချင်သူတွေ၊
  • ကိုယ့်ကိုယ်ကို အချိန်သေချာပေးပြီး Self-Healing လုပ်ချင်သူတွေ၊
  • Covid ကာလမှာ ရောဂါဝေဒနာခံစားလိုက်ရသူတွေ၊ Caregiver တွေ၊
  • ညဘက်အိပ်မပျော်တဲ့သူတွေ၊
  • စိတ်တည်ငြိမ်မှု၊ အာရုံစူးစိုက်နိုင်မှု ပျောက်ဆုံးနေတဲ့သူတွေ၊
  • Stress, Anxiety အရမ်းများနေတဲ့သူတွေ၊
  • အတိတ်‌က အကြောင်းကိစ္စတွေကြောင့် စိတ်ဒဏ်ရာခံစား‌နေရသူတွေ၊
  • အကြည်ဓာတ်တွေကို ပွင့်ထွက်‌လာစေချင်တဲ့သူတွေ၊
  • စိတ်အေးချမ်းတည်ငြိမ်မှုကို ရှာဖွေချင်သူတွေ အနေနဲ့ တက်ရောက်ရမဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်ရှင်။

လေ့ကျင့်သင်ကြားမှုမှာ ပါဝင်မယ့် Session တွေကတော့

Daily Self-Healing Challenge လေးတွေနဲ့အတူ မိမိကိုယ်ကို Challenge ခေါ်ပြီး ပြောင်းလဲလို့ရမယ်။

စိတ်နဲ့ ခန္ဓာကိုယ်နဲ့ကို ချိတ်ဆက်ပြီး တည်ငြိမ်အေးချမ်းမှုကို ရှာဖွေတွေ့ရှိနိုင်မယ့် Mindfulness။

Body and Mind connection အတွက် Yoga လူကြီးလူငယ်မရွေး အေးချမ်းစွာ၊ မှန်ကန်စွာ လေ့ကျင့်သင်ယူနိုင်မယ့် Meditation လုပ်ရင်းနဲ့လည်း ကျွန်မတို့ အချင်းချင်း မျှဝေခြင်းကနေတစ်ဆင့် ကုစားမှုတွေ အတူတကွပြုလုပ်ကြမှာ ဖြစ်ပါတယ်ရှင်။

စိတ်ရှုပ်ထွေးမှုတွေကို ဖြေရှင်းတက်လာပြီး အရာရာကို Positive Thoughts တွေနဲ့အတူ ထိန်းချုပ်မှု ပြုလုပ်နိုင်လာပြီး မိမိကိုယ်ကို အသိအမှတိပြုတတ်လာမယ့် Gratitude တို့အားလုံးနဲ့ပတ်သက်ပြီး စနစ်တကျ သေချာလေ့ကျင့် သင်ကြားပေးမှာဖြစ်လို့ မိမိကိုယ်ကို ပြောင်းလဲခွင့်ရမယ့် အခွင့်အရေးဖြစ်ပါတယ်။

Curriculum

  • 1 Section
  • 4 Lessons
  • 0 Quizzes
  • 2h 16m Duration
Expand All
Lessons
4 Lessons0 Quizzes
  1. Gratitude
  2. Mindfulness
  3. Yoga
  4. Meditation
0 out of 5

0 user ratings

Deleting Course Review

Are you sure? You can't restore this back
Scroll to top